Posts

Showing posts from August, 2021

အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - Objected-Oriented Programming

Image
Object-Oriented Programming  Object-Oriented ဆိုတဲ့ အိုင်ဒီယာဟာ Software တွေကို modelling လုပ်ရင်းနဲ့ ထွက်ပေါ်လာတဲ့ အိုင်ဒီယာ တစ်ခု ဖြစ်တယ်။ အပြင် တကယ်လက်တွေ့လောကမှာ ကားတွေ လေယာဉ်တွေ အဆောက်အဉီးတွေ  အစရှိတဲ့အရာတွေရဲ့ တည်ဆောက်ကြတဲ့ သဘောသဘာဝကို အတုယူတာ ဖြစ်တယ်။ Intel ဟာ Intel Processor ထုတ်တယ်။ Seagate ဟာ Hard Disk Drive တွေထုတ်တယ်။ MSI ဟာ Motherboard ထုတ်တယ်။ Dell ကွန်ပျူတာဟာ Intel Processor ကို အသုံးပြုသလို Lenovo laptop မှာလည်း Intel Processor ကို အသုံးပြုကြတယ်။  Intel Processor ဟာ Object တစ်ခုဖြစ်တယ်။ Dell ကွန်ပျူတာဟာလည်း ​Object တစ်ခုဖြစ်တယ်။ Object တစ်ခုကို တခြား Object တစ်ခုမှာ ယူသုံးလို့ရတယ်။  အဲ့ဒီနည်းလမ်း Object-Oriented ဟာ Software တွေ ရေးသားရာမှာ အလုပ်ခွဲဝေ လုပ်ကိုင်ဖို့အတွက် အလွန် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ Using Data Types Class တစ်ခုဖြစ်တဲ့ String ဟာ Non-primitive data type ဖြစ်သလို java.awt.Color ထဲက Color ဟာလည်း non-primitive data type တစ်ခု ဖြစ်တယ်။ String နဲ့ Color အစရှိတဲ့ class တွေကနေ String Object နဲ့ Color Object တွေ တည်ဆောက်လို့ ရတယ်။...