သင့်ရဲ့ ပထမဉီးဆုံးသော ကွန်ပျူတာ ပရိုဂရမ် (Hello, World!)
မိုင်ပေါင်းတစ်ထောင်ဝေးကွာတဲ့ခရီးဟာလည်း ပထမဉီးဆုံးသောခြေလှမ်းနဲ့ပဲ စတင်ကြရတာဖြစ်တယ်လို့ ပညာရှင် Lao TZu က ဆိုခဲ့တယ်။
ပထမဉီးဆုံးသောစက်ဘီး ပထမဉီးဆုံးကား ပထမဉီးဆုံးကွန်ပျူတာ စသဖြင့် မိမိတို့ရဲ့ ပထမဉီးဆုံး ဆိုတဲ့အရာတွေကို လူတွေ သတိရလေ့ရှိကြတဲ့အတိုင်း သင့်ကိုအမှတ်ရနေစေမဲ့ သင့်ရဲ့ ပထမဆုံး java ပရိုဂရမ်တစ်ပုဒ်ကို စတင်လိုက်ကြရအောင်။
JDK ကို install လုပ် configure လုပ်ပြီးသွားရင် သင့်ရဲ့ ပထမဉီးဆုံးသော java ပရိုဂရမ်ကို စတင် ရေးသားဖန်တီးလို့ ရပါပြီ။ JDK ကို install မလုပ်ရသေးရင် ဒီရဲ့လင့် အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း- Installing and Configuring JDK ကို ဖတ်ရှုနိုင်ပါတယ်။
Java ပရိုဂရမ် တစ်ပုဒ်ကို Create, Compile, Execute ဆိုတဲ့ အချက်သုံးချက်နဲ့ ရေးသား ဖန်တီးနိုင်တယ်လို့ အရှေ့သင်ခန်းစာမှာ ဖော်ပြခဲ့တယ်။
Creating a Java file
Windows OS ကို အသုံးပြုသူများက Notepad++, Mac OS ကို အသုံးပြုသူများက Sublime Text, Linux အသုံးပြုသူများက Vi ကို ဖွင့်ပြီး အောက်ဖော်ပြပါ code snippet ကို ရိုက်ပြီး HelloWorld.java ဆိုပြီး Save လုပ်ပါ။
public class HelloWorld {
public static void main(String[] args){
// Prints “Hello, World” in Terminal or Command Prompt”
System.out.println(“Hello, World!”);
}
}
Compiling a Java file
အထက်မှာရေးခဲ့တဲ့ HelloWorld.java ကို Compile လုပ်ပြီး class file ထုတ်ယူဖို့ Windows Command Prompt သိုမဟုတ် Terminal မှာ javac HelloWorld.java ဆိုတဲ့ command ကို ရိုက်ပြီး Enter ခေါက်ပါ။ javac HelloWorld.java ဆိုတဲ့ command ဟာ HelloWorld.class ကို generate လုပ်ပေးပါတယ်။
Executing/Running a Java file
Compile လုပ်ပြီးသွားရင် Windosw Command Prompt သို့မဟုတ် Terminal မှာ java HelloWorld ဆိုပြီး Execute လုပ်ပြီး ကွန်ပျူတာ ပရိုဂရမ်ရဲ့ Output ရလာဒ်ကို စမ်းစစ်ကြည့်နိုင်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ Output ကို တွေ့ရမှာ ဖြစ်တယ်။
Hello, World!
Comments
Post a Comment