အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - Variable
Some piece of memory that can be stored and changed.
အချိန်ကာလအလျောက် ကမ္ဘာကြီးဟာ နည်းပညာတိုးတက်မှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာပစ္စည်း tangible goods တွေ ပေါများလာသလို mobile apps တွေလို downloadable music တွေလို ထိတွေ့ကိုင်တွယ်လို့မရတဲ့ပစ္စည်း intangible goods တွေလည်း တနေ့တခြား ပေါများလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပဲဖြစ်ဖြစ် ပစ္စည်းအသုံးအဆောင်တွေရဲ့ ပုံစံနဲ့သဘာဝအလျောက် အထားအသို storage ပုံစံတွေဟာလည်း တနေ့တခြား ခေတ်မီ တိုးတက်လာပါတယ်။
ဒါပေမဲ့လည်း လူတွေရဲ့ ကုန်ပစ္စည်းတွေအပေါ် လိုအပ်ချက်နှစ်ရပ်ဖြစ်တဲ့ temporary need ယာယီသိမ်းဖို့လိုအပ်ချက် နဲ့ permanent need ကြာရှည်အမြဲသိမ်းဖို့လိုအပ်ချက်တွေကတော့ ပြောင်းလဲမှုမရှိပါ။
ကြာရှည်အမြဲ သိမ်းဖို့လိုတဲ့ ဖိုတို ဗီဒီယို အစရှိတဲ့ဖိုင်တွေကို ကွန်ပျူတာမှာ Permanent Storage လို့ခေါ်တဲ့ Hard Disk Drive(HDD)/Solid State Drive(SSD) ထဲမှာ သိမ်းတယ်။ HDD/SSD ထဲ မသိမ်းရသေးခင် အလုပ်လုပ်လက်စဖိုင်ကို Save မလုပ်ရသေးခင် တွက်ချက်မှုတွေပြုလုပ်နေစဉ်မှာ Temporary Storage လို့ ခေါ်တဲ့ Memory ထဲမှာ သိမ်းတယ်။ အခြေခံစာသင်ကျောင်းတွေမှာ Blackboard တွေကို ရေးလိုက်ဖျက်လိုက် သုံးသလိုမျိူး Memory ဟာ ယာယီရေးဖျက် အသုံးပြုဖို့ ဖြစ်တယ်။ တွက်ချက်မှုဆိုင်ရာတွေကိုတော့ Processor က လုပ်ဆောင်ပေးတယ်။ CPU(Central Processing Unit) လို့လည်း ခေါ်တယ်။
Hard Disk Drive ထဲမှာ Save လုပ်ထားတဲ့ Java ပရိုဂရမ်ဖိုင်တစ်ဖိုင်ကို execute သို့မဟုတ် run လုပ်တဲ့အခါ အဲ့ဒီ ပရိုဂရမ်ကို Memory ပေါ်မှာ ခေတ္တသိမ်းပြီး processor နဲ့ အပြန်အလှန် အလုပ်လုပ်တယ်။
Variable ဟာ Memory ပေါ်မှာ logically သိမ်းဆည်းလို့ရတဲ့ သို့မဟုတ် value တွေ သိမ်းဆည်းထားတဲ့ သေးငယ်သော နေရာလေးတစ်ခု ဖြစ်တယ်။
Declaring a variable
Variable ကို အောက်ဖော်ပြပါအတိုင်း declare လုပ်နိုင်ပါတယ်။
data_type variable_name = value;
For Example:
int number; //value ကို နောက်မှ ထည့်သွင်း assign လုပ်လည်းရတယ်။
int year = 2021;
Char lastChar = ‘Z’
data_type :
Variable ထဲမှာ ဘယ်လို value တွေကို ထည့်မှာလဲ? Number လား Character လာ Decimal Number လား ဆိုတာကို ကြိုတင် သတ်မှတ်ပေးရတယ်၊။
variable_name :
အထက်မှာ ဖော်ပြထားတဲ့ ဉပမာမှာ number ဟာ variable_name ဖြစ်တယ်။ ထို့အတူ year နဲ့ lastChar ဟာလည်း variable_name ဖြစ်ပါတယ်။
operator :
အထက်ကဖော်ပြခဲ့တဲ့ ဉပမာမှာပါတဲ့ = (equal sign) ကို assignment operator လို့ ခေါ်တယ်။ variable ထဲကို value ထည့်သွင်းပေးတဲ့ action ကို လုပ်ဆောင်ပေးတယ်။
value :
Data_type မှာ ကြေငြာထားတဲ့အတိုင်း သက်ဆိုင်တဲ့ value ကို ထည့်ပေးရပါတယ်။ ဉပမာ data_type ကို int လို့ ကြေငြာထားရင် value မှာ integer ကို ထည့်ပေးရတယ်။ char လို့ ကြေငြာထားရင် value မှာ character ကို ထည့်ပေးရပါတယ်။
Variable Example
Integer number နှစ်ခုကို ပေါင်းတဲ့ Sum.java ပရိုဂရမ်တစ်ပုဒ်ကို ရေးပါ။
javac Sum.java command ကို အသုံးပြုပြီး compile လုပ်ပါ။
java Sum command ကို အသုံးပြုပြီး execute လုပ်ပါ။
public class Sum {
public static void main(String[] args) {
int firstNumber = 7;
int secondNumber = 9;
int total = firstNumber + secondNumber;
System.out.println(firstNumber + " + " + secondNumber + " = " + total);
}
}
အောက်မှာ ဖော်ပြထားတဲ့ output ရလာဒ်ကို တွေ့ရမှာ ဖြစ်တယ်။
7 + 9 = 16
Integer number နှစ်ခုကို ပေါင်းတဲ့ Sum.java ပရိုဂရမ်တစ်ပုဒ်ကို ရေးပါ။
javac Sum.java command ကို အသုံးပြုပြီး compile လုပ်ပါ။
java Sum command ကို အသုံးပြုပြီး execute လုပ်ပါ။
*************
Next : အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - Data Types
Previous : သင့်ရဲ့ ပထမဉီးဆုံးသော ကွန်ပျူတာ ပရိုဂရမ် (Hello, World!)
Comments
Post a Comment