အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - Data Types
Data Types
Storage Technology နဲ့ ပတ်သက်ပြီး permanent storage အမြဲသိမ်းဆည်းခြင်း အကြောင်း နဲ့ temporary storage ယာယီသိမ်းဆည်းခြင်း အကြောင်းကို ရှေ့သင်ခန်းစာမှာ ဖော်ပြခဲ့တယ်။
Permanent Storage Device တွေဖြစ်တဲ့ Hard Disk Drive(HDD) သို့မဟုတ် Solid State Drive(SSD) တွေမှာ NTFS သို့မဟုတ် FAT အစရှိတဲ့ file system ဖိုင်စနစ်တွေကို အသုံးပြုပြီး data ဒေတာတွေကို သိမ်းဆည်း အသုံးပြုကြတယ်။
HDD/SSD ထဲမှာ Save လုပ်ထားတဲ့ Java ပရိုဂရမ်ဖိုင်တစ်ဖိုင်ကို execute လုပ်တဲ့အခါ အဲ့ဒီ java ပရိုဂရမ်ကို temporary storage ဖြစ်တဲ့ Random Access Memory(RAM) ပေါ်မှာ ခေတ္တခဏသိမ်းပြီး processor နဲ့ အပြန်အလှန် အလုပ်လုပ်ကြတယ်။
ရှေ့က Variable သင်ခန်းစာထဲမှာ variable တစ်ခုဟာ integer value သို့မဟုတ် character value တစ်ခုကို သိမ်းဆည်းတာကို ဉပမာ အနေနဲ့ ဖော်ပြခဲ့တယ်။ Variable ထဲမှာ သိမ်းဆည်းမဲ့ အဲ့ဒီ int char float အစရှိတဲ့ ဒေတာအမျိုးအစားတွေကို data type လို့ ခေါ်တယ်။
Java မှာ data type နှစ်မျိုး ရှိတယ်။
Primitive Data Types(Built-in Data Types)
Non-primitive Data Types
Primitive Data Types(Built-in Data Types)
Java မှာ byte, short, int, long, float, double, char, boolean ဆိုပြီး primitive data types ရှစ်မျိုး ရှိပါတယ်။ data type အမျိုးအစားအလိုက် memory မှာ သိမ်းဆည်းမဲ့ နေရာပမာဏ(size) နဲ့ သိမ်းဆည်းနိုင်တဲ့အပိုင်းအခြား(range) ကွာလေ့ရှိပါတယ်။
ဉပမာ byte ဒေတာ အမျိုးအစား ဟာ ဂဏန်း 256(inclusive) အထိ သိမ်းဆည်းနိုင်ပြီး memory ရဲ့ 1 byte ကို အသုံးပြုမှာဖြစ်တယ်။ short ဒေတာ အမျိုးအစား ဟာ ဂဏန်း 32767(inclusive) အထိ သိမ်းဆည်းနိုင်ပြီး memory ရဲ့ 2 byte ကို အသုံးပြုမှာဖြစ်တယ်။
အသေးစိတ်အချက်အလက်ကို အောက်က ဇယားမှာ ဖော်ပြထားပါတယ်။
Data Types, theri storage requirements and the numeric range they support.
Non-primitive Data Types
Java Programmer တွေအနေနဲ့ primitive data types ကို အသုံးပြုပြီး ကိုယ်ပိုင် data type(non-primitive data type) တွေကို ရေးသားဖန်တီးနိုင်ပါတယ်။
String, Array, ArrayList,Color အစရှိသည်တွေကို Java မှာ Non-primitive Data Types လို့ ခေါ်ပါတယ်။ Non-primitive Data Types တွေကို Object-Oriented အခန်းမှာ အကျယ်ချဲ့ ဆွေးနွေးသွားပါမယ်။
***********
Comments
Post a Comment